Lucky Draw ဘာကြီးလဲ?
!DRAW OR SHUFFLE!
Gift Shuffle ဘယ်လိုမျိုးလဲ?

Lucky Draw ကတော့ ပုံမှန်အတိုင်းပဲ ပစ္စည်းတွေကို မဲဖောက်မယ့် function လေးပဲဖြစ်ပါတယ်။ ပစ္စည်းစာရင်းနဲ့ လူစာရင်းကို CSV file ကနေတင်ပြီးတော့ မဲတစ်လိပ် တခုချင်းဆီနှိုက်သလိုမျိုး ပြန်ထုတ်ပြပေးမယ်။

upload လုပ်ထားတဲ့ file ထဲက မဲရော လူရော random လုပ်ပြီးတစ်ခုချင်းဆီ ပြန်ထုတ်ပြမယ်။ CSV file ရဲ့ Data format နဲ့ အသုံးပြုနည်း ကိုတော့ Lucky Draw Guide link မှာကြည့်ပေးပါ။

Gift Shuffle ကတော့ လက်ဆောင်ပစ္စည်းလဲတာပါ။ လူနာမည်နဲ့ မဲနှိုက်တယ် မဲကျတဲ့လူက ပစ္စည်းကိုမဲပြန်နှိုက်တယ်။ အဲ့လိုနဲ့ တယောက်နဲ့ တယောက်ပစ္စည်းလဲတာပါ။ ဒီဇင်ဘာ ဒါမှမဟုတ် နှစ်သစ်ကူးမှာ ရုံးတွေမှာ လုပ်လေ့ရှိပါတယ်။ ဝန်ထမ်း၊ သူငယ်ချင်း အချင်းချင်း သိပေမယ့်လဲ သိပ်မရင်းနှီးတဲ့သူ ဆီကနေ အမှတ်တရပစ္စည်းလေးတွေရတာပေါ့။

ပြဿနာက ကိုယ့်မဲကိုယ်ပြန်ကျတာပဲ။ အဲ့လိုဖြစ်လို့ ပြန်နှိုက်မယ်ဆိုရင်တောင်မှ လူအရေတွက် 'မ'ဂဏန်းဖြစ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့သူဆို ပြန်နှိုက်လို့ အဆင်မပြေတော့ပါဘူး။ အဲ့ဒီပြဿနာကို ပြေလည်ဖို့အတွက် Gift Shuffle ကိုရေးထားတာဖြစ်ပြီးတော့ ကိုယ့်ပေါက်တဲ့ ပစ္စည်းက ဘယ်သူ့ဆီကပါဆိုတာကိုပါ ပြပေးထားပါတယ်။ Projectorနဲ့တွဲသုံးပြီးတော့ ပြရင်တော့ ပိုအဆင်ပြေမှာပါ။

Data format နဲ့ အသုံးပြုနည်း ကိုတော့ Gift Shuffle Guide link မှာကြည့်ပေးပါ။