လက်ဆောင်ပစ္စည်းတွေကို လက်ခံထဲက လက်ဆောင်မှာ နံပါတ်တပ်ပြီး လူနာမည်ရယ် နံပါတ်ရယ် စာရင်းသွင်းပါမယ်။ csv format နဲ့စာရင်းသွင်းရမှာဖြစ်ပြီးတော့ နာမူနာပုံစံကိုအောက်မှာပြထားပါတယ်။
အောက်ပါပုံကတော့ Excel နဲ့အသုံးပြုထားတဲ့ပုံပါ
အောက်ပါပုံကတော့ text editor နဲ့အသုံးပြုထားတဲ့ပုံပါ
တူညီတဲ့ နာမည်တွေ မထည့်မိအောင် ဂရုပြုမိဖို့လိုပါတယ်၊ နာမည်တူနေရင် နာမည်နောက်မှာ(၁)(၂) လိုမျိုးရေးပြီးကွဲပြားအောင် လုပ်ဆောင်ပေးပါ။ ပြီးရင်တော့ စာရင်းပြုလုပ်ထားတဲ့ csv file ကို upload လုပ်နိုင်ပါပီ။ file ရဲ့ format က .csv ဖြစ်နေစေရန်သတိပြုပါ။
upload လုပ်ပြီးတာနဲ့ 'roll gift' ခလုပ်ပေါ်လာပါလိမ့်မယ်။ 'roll gift' ခလုပ်ကို စနှိပ်ပြီး လက်ဆောင်တွေလဲလိုက်ကြရအောင်။